LOVE & RELATIONSHIP

ကိုယ္တိုင္ထသြားထလာမလုပ္ႏိုင္ေတာ့သည့္ခင္ပြန္းျဖစ္သူကို ခုတင္တြန္းလွည္းကိုတြန္းၿပီးေတာ့ အျပင္ကရႉခင္းအလွေလးေတြလိုက္ျပေနသည့္ ဇနီးသည္

Written by For Ialinks

ေလာကႀကီးတြင္ ခ်စ္ျခင္းေမတၱာမွန္နဲ႔ဆုံေတြ႕ခဲ့ပါက မည္သို႔ေသာ အေျခအေနမ်ိဳးေရာက္ေနပါေစ တစ္စုံတစ္ေယာက္ေၾကာင့္ ကိုယ့္ရဲ႕ဘဝႀကီးက ပူေလာင္ျခင္းမရွိပဲ အၿမဲေအးခ်မ္းမႈကို ခံစားရကာ စိတ္လုံၿခဳံမႈလည္းျဖစ္ေစသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ စီခြၽမ္ျပည္နယ္ရွိ အမ်ိဳးသမီးတစ္ဦးသည္ ေလျဖတ္ၿပီး အိပ္ရာထဲလွဲေနသည့္ ခင္ပြန္းသည္ကို စြန္႔ခြာသြားဖို႔ေနေနသာ သူမကပဲအလုပ္အေကြၽးျပဳကာ အျပင္ေလာကႀကီးရဲ႕ျဖစ္ပ်က္ေျပာင္းလဲေနေသာ သဘာဝအလွတရားကိုလည္း ေတြ႕ျမင္ႏိုင္ေအာင္ အိမ္ထဲကေန ေခၚထုတ္ေပးခဲ့သည္။

ခင္ပြန္းျဖစ္သူသည္ လြန္ခဲ့ေသာ ၅ႏွစ္ခန္႔က ယာဥ္မေတာ္တဆျဖစ္ၿပီး ေလျဖတ္သြားကာ ကိုယ္တိုင္လႈပ္ရွားသြားလာလို႔မရေတာ့တာေၾကာင့္ အိပ္ရာထဲပဲေနေနရေပမယ့္ ဇနီးျဖစ္သူရဲ႕ ဂ႐ုစိုက္ၾကင္နာမႈတို႔ေၾကာင့္ ေႏြးေထြးမႈမ်ားစြာ ခြန္အားမ်ားစြာ ရရွိေစခဲ့သည္။

ထို႔အျပင္ ဇနီးျဖစ္သူသည္ ခင္ပြန္းအား ရာသီအလိုက္ ေျပာင္းလဲျဖစ္ပ်က္ေနသည့္ သဘာဝအလွတရားႏွင့္ ရႈခင္းအလွမ်ားကို ခံစားေစလို၍ ေဆး႐ုံကေန ေျပာင္းေ႐ႊ႕လြယ္သည့္ တြန္းလွည္းပါေသာ ခုတင္ကိုဌားရမ္းကာ ခင္ပြန္းအား ေပ်ာ္႐ႊင္စရာေတြဖန္တီးလုပ္ေဆာင္ေပးခဲ့သည္။

Rain (For Ialinks)

Unicode

ကိုယ်တိုင်ထသွားထလာမလုပ်နိုင်တော့သည့်ခင်ပွန်းဖြစ်သူကို ခုတင်တွန်းလှည်းကိုတွန်းပြီးတော့ အပြင်ကရှူခင်းအလှလေးတွေလိုက်ပြနေသည့် ဇနီးသည်

လောကကြီးတွင် ချစ်ခြင်းမေတ္တာမှန်နဲ့ဆုံတွေ့ခဲ့ပါက မည်သို့သော အခြေအနေမျိုးရောက်နေပါစေ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ရဲ့ဘဝကြီးက ပူလောင်ခြင်းမရှိပဲ အမြဲအေးချမ်းမှုကို ခံစားရကာ စိတ်လုံခြုံမှုလည်းဖြစ်စေသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ အမျိုးသမီးတစ်ဦးသည် လေဖြတ်ပြီး အိပ်ရာထဲလှဲနေသည့် ခင်ပွန်းသည်ကို စွန့်ခွာသွားဖို့နေနေသာ သူမကပဲအလုပ်အကျွေးပြုကာ အပြင်လောကကြီးရဲ့ဖြစ်ပျက်ပြောင်းလဲနေသော သဘာဝအလှတရားကိုလည်း တွေ့မြင်နိုင်အောင် အိမ်ထဲကနေ ခေါ်ထုတ်ပေးခဲ့သည်။

ခင်ပွန်းဖြစ်သူသည် လွန်ခဲ့သော ၅နှစ်ခန့်က ယာဥ်မတော်တဆဖြစ်ပြီး လေဖြတ်သွားကာ ကိုယ်တိုင်လှုပ်ရှားသွားလာလို့မရတော့တာကြောင့် အိပ်ရာထဲပဲနေနေရပေမယ့် ဇနီးဖြစ်သူရဲ့ ဂရုစိုက်ကြင်နာမှုတို့ကြောင့် နွေးထွေးမှုများစွာ ခွန်အားများစွာ ရရှိစေခဲ့သည်။

ထို့အပြင် ဇနီးဖြစ်သူသည် ခင်ပွန်းအား ရာသီအလိုက် ပြောင်းလဲဖြစ်ပျက်နေသည့် သဘာဝအလှတရားနှင့် ရှုခင်းအလှများကို ခံစားစေလို၍ ဆေးရုံကနေ ပြောင်းရွှေ့လွယ်သည့် တွန်းလှည်းပါသော ခုတင်ကိုဌားရမ်းကာ ခင်ပွန်းအား ပျော်ရွှင်စရာတွေဖန်တီးလုပ်ဆောင်ပေးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment