Lifestyle


Written by For Ialinks


သို့ဖြစ်၍ တရုတ်နိုင်ငံ Henanပြည်နယ်ရှိ ဈေးတန်းတစ်ခုတွင် ဝက်သားရောင်းချနေသော အမျိုးသမီးလေးသည် သဘာဝတိုင်းမိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိပဲ ရိုးရှင်းစွာ ဝတ်စားထားပေမယ့် သူမရဲ့အလှက အများကြား ပေါ်လွင်နေဆဲဖြစ်သည်။




Rain (For Ialinks)

Unicode

ကလေးသုံးယောက် အမေဖြစ်ပေမယ့် အပျိုတောင်အရှုံးပေးရလောက်အောင် လှပနေဆဲဖြစ်သော ဝက်သားသည်

လူတိုင်းသည် အိမ်ထောင်ကျသွားသောအခါ မိသားစုအတွက် ပူပန်စရာတွေးပူစရာတွေရှိလာ၍ ရုပ်ရည်မှာလည်း အရင်တုန်းကထက် ပိုပြီးတော့ ရင့်ရော်ကာ အိုမင်းလာတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Henanပြည်နယ်ရှိ စျေးတန်းတစ်ခုတွင် ဝက်သားရောင်းချနေသော အမျိုးသမီးလေးသည် သဘာဝတိုင်းမိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိပဲ ရိုးရှင်းစွာ ဝတ်စားထားပေမယ့် သူမရဲ့အလှက အများကြား ပေါ်လွင်နေဆဲဖြစ်သည်။

အမျိုးသမီးသည် သူမအသက်၁၃နှစ်အရွယ်ကတည်းက မိဘတွေရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်သည့် ဝက်သားသည်ဘဝမှာ ကျင်လည်ခဲ့ပြီး ကျောင်းပြီးချိန်မှာလည်း တခြားအလုပ်မလုပ်ပဲ ဝက်သားသည်အဖြစ်သာ လုပ်ကိုင်ခဲ့သည်။

ထို့ကြောင့်ပဲ အမျိုးသမီးသည် ဝက်သားကိုခုတ်ထစ်ပိုင်းဖြတ်ရာတွင် ကျွမ်းကျင်သောအရည်အချင်းရှိပြီး အချို့မှာ တစ်နာရီလောက်ကားစီးပြီးတော့ကို သူမဆိုင်ရဲ့ဝက်သားကိုပဲ လာရောက်အားပေးကြသည်။

အမျိုးသမီးသည် ရုပ်ရည်ချောမောသည့်အပြင် သဘောကောင်းဖော်ရွေတတ်၍ အခြားသောသူများက ချွေးမတော်ချင်ကြသော်လည်း သူမက အိမ်ထောင်သည် ကလေးသုံးယောက်ရဲ့မိခင်ဖြစ်နေတာကြောင့် ငေးကြည့်ရုံနဲ့သာ ကျေနပ်ခဲ့ကြရသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment