Lifestyle


Written by For Ialinks






1.


2.


3.


4.


5.


6.


7.

Rain (For Ialinks)

Unicode

မျက်လုံးနှစ်ဖက်လုံး မမြင်ရသော်လည်း ပင်လယ်ထဲမှာရေငုပ်ပြီး ငါးတွေဂဏာန်းတွေဖမ်းပြီးတော့ မိသားစုကိုရှာကျွေးနေသည့် အမျိုးသား

မသန်စွမ်းသည့်သူအများစုတို့သည် သာမန်လူကောင်းတွေဖြတ်သန်းသည့်ဘဝကို လိုချင်ကြပြီး အရှုံးမပေးပဲ မဖြစ်နိုင်ဘူးဟုထင်ထားသည့်အရာများစွာကို သူတို့ကိုယ်ပိုင်အစွမ်းအစ အရည်အချင်းနဲ့ လုပ်ဆောင်နိုင်ကြသည်ကို သက်သေပြကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Kien Luongရွာတွင် နေထိုင်သော အသက်၅၈နှစ်အရွယ် အမျိုးသားတစ်ဦးသည် မျက်စိနှစ်ဖက်လုံးကွယ်နေသော်လည်း ပင်လယ်လှိုင်းတွေထနေသည့်ကြားက ဂုံးကောင်၊ငါးနဲ့ ဂဏာန်းတို့ကို ရေငုပ်ပြီးဖမ်းယူကာ အသက်မွေး၀မ်းကျောင်းပြုလျက်ရှိသည်။

အမျိုးသားကြီးသည် အသက်၂၀အရွယ်လောက်မှာ အပြင်းအထန်ဖျားပြီးနောက် မျက်လုံးနှစ်ဖက်မှာ ကွယ်သွားခဲ့ရကာ ဒုက္ခိတဘဝကိုရောက်သွားပေမယ့်လည်း မိသားစုအသက်မွေးဝမ်းကျောင်းပြုသော ပင်လယ်ရေအောက်ငုပ်၍ ငါးဖမ်းခြင်းကို လုပ်ကိုင်နေဆဲဖြစ်သည်။

အမျိုးသားကြီးသည် မျက်မမြင်တစ်ယောက်ဆိုပေမယ့် ဇနီးနဲ့ သားသမီးတွေရှိပြီး ရေငုပ်၍ငါးဖမ်းခြင်းနဲ့ပဲ မိသားစုစားဝတ်နေရေးအတွက် ထောက်ပံ့ပေးခဲ့သည်မှာ လေးစားချီးကျူးဖွယ်ကောင်းလှသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment