Amazing


Written by For Ialinks






Rain (For Ialinks)

Unicode

ယောကျာ်းစစ်တစ်ယောက်ဆိုပေမယ့် အမျိုးသမီးတွေလို ကြီးမားသောရင်သားတွေ ထွက်ပေါ်လာခဲ့သော ထူးထူးဆန်းဆန်းဖြစ်ရပ်

လူသားတို့နေထိုင်ရာ ကမ္ဘာကြီးသည် ထူးဆန်းသော အဖြစ်အပျက်များနဲ့ ပြည့်နှက်နေပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်၌ပင် ထူးဆန်းသည့်အကြောင်းအရာများ နေ့စဉ်ပေါ်ထွန်းလျက်ရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Binh Duongခရိုင်တွင် နေထိုင်သော အသက်၆၅နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဇနီးနဲ့သားသမီးတွေရှိပြီး ပျော်ရွှင်စွာနဲ့ ဘဝကိုဖြတ်သန်းနေစဉ် ထူးဆန်းသည့်အရာတွေနဲ့ ကြုံတွေ့ခဲ့ရသည်။

အမျိုးသားကြီးသည် ယောကျာ်းအစစ်တစ်ယောက်ဖြစ်သော်လည်း ထူးခြားစွာပဲ လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်လောက်ကတည်းက အမျိုးသမီးများလို ကြီးမားသော ရင်သားထွက်ပေါ်လာခဲ့သည်။

အမျိုးသားကြီးသည် ထူးခြားသောဖြစ်ရပ်အတွက် ဆရာဝန်နဲ့ပြသကြည့်ခဲ့သော်လည်း ရောဂါတစ်စုံတစ်ရာမရှိပဲ ကျန်းမာသန်စွမ်းလျက်ရှိပြီး ကားပြင်ဆရာအဖြစ်လုပ်ကိုင်ကာ မိသားစုကိုထောက်ပံ့ပေးနေဆဲဖြစ်သည်။

အမျိုးသားကြီးရဲ့ ရင်သားတွေကြောင့် ဇနီးနဲ့သားသမီးတွေကလည်း ခွဲခြားဆက်ဆံတာမျိုးမရှိပဲ ခင်ပွန်းကောင်း၊ဖခင်ကောင်းတစ်ယောက်အဖြစ်သာ ရှင်သန်နေထိုင်လျက်ရှိသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment