Lifestyle


Written by For Ialinks





Rain (For Ialinks)

Unicode

သင်္ချိုင်းဘေးမှာ အိပ်စောင့်ပေးရုံနဲ့တစ်ညကို အင်ဒိုနီးရှားငွေ ၁သန်းရရှိနေသည့် လူငယ်လေး

ကမ္ဘာပေါ်တွင် လူသားတို့အသက်မွေးဝမ်းကျောင်းပြုရာ အလုပ်အကိုင်များမှာ မျိုးစုံရှိပြီး များသောအားဖြင့် အရည်အချင်းရှိသူများကသာ နေရာဝင်ဆံ့ပြီး လစာလည်းကောင်းမွန်ကြသည်။

သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံမှ လူငယ်လေးတစ်ဦးသည် မိသားစုစားဝတ်နေရေးကို ထောက်ပံ့ရန်အတွက် ဝင်ငွေကောင်းသောအလုပ်ကို လိုက်ရှာခဲ့ရာမှ တစ်ညတည်းနဲ့ ရူပီယာသန်းနဲ့ချီရရှိနိုင်သောအလုပ်အားရှာတွေ့ခဲ့သည်။

လူငယ်လေးသည် မပင်ပန်းရပဲ သေဆုံးသူတွေရဲ့ သင်္ချိုင်းနံဘေးမှာ အိပ်စောင့်ပေးရုံနဲ့ကို တစ်ညတည်းနဲ့ ရူပီယာ တစ်သန်းရရှိနေပြီး သူငယ်ချင်းတွေနဲ့ပါ ပျော်ပျော်ပါးပါး လွတ်လပ်စွာ သောက်စားနိုင်သည့်အခွင့်အရေးလည်းရှိသည်။

လူငယ်လေးရဲ့ သတ္တိရှိမှုတို့ကြောင့် ထိုအလုပ်ကို သုံးနှစ်အကြာလုပ်ကိုင်နေပြီး လူလည်းသက်သာ ဝင်ငွေလည်းကောင်း၍ မိသားစုကိုအေးဆေးထောက်ပံ့နိုင်ခဲ့တာကြောင့် အခြားသူများကပါ ထိုအလုပ်အား စိတ်ဝင်စားခဲ့ကြသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment