Lifestyle


Written by For Ialinks






Rain (For Ialinks)

Unicode

၄၁နှစ်ကြာသည်ထိ ထမင်းတစ်စေ့မှမစားပဲ ရေကိုသာသောက်ပြီး ကျန်းမာစွာ အသက်ရှင်နေထိုင်လျက်ရှိသော အမျိုးသမီးကြီး

လူသားတစ်ယောက်အနေနဲ့ အစာမစားပဲ ဘယ်နှစ်ရက်မှအသက်ရှင်နေထိုင်မည်မဟုတ်ပေမယ့်လည်း ထူးထူးဆန်းဆန်း ရေတစ်မျိုးတည်းသာသောက်ပြီးတော့ အသက်ရှင်နေသူများလည်းရှိနေသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၆၃နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် သူမအသက် ၂၁နှစ်အရွယ်ကစပြီး ရောဂါကြောင့် ထမင်းတစ်စေ့မစားပဲ ကျန်းမာစွာ အသက်ရှင်နေဆဲဖြစ်တာက အံ့အားသင့်စရာကောင်းလှသည်။

အမျိုးသမီးကြီးသည် အမြင်အာရုံချို့ယွင်းကာ ဝမ်းဗိုက်အဆက်မပြတ်နာကျင်ခြင်းတို့ကြောင့် အစာစားပြီးတိုင်း အော့အန်မှုတွေဖြစ်ရကာ ဆရာဝန်နဲ့ပြကြည့်ချိန်တွင် သူမမှာသွေးချိုရောဂါဖြစ်နေကြောင်းသိခဲ့ရ၍ ဆေးဝါးများစွာ သောက်သုံးခဲ့သော်လည်း မပျောက်ကင်းခဲ့ပေ။

ထို့ကြောင့် ဆရာဝန်ဖြစ်သူသည် သူမအားထမင်းမစားပဲ ဆားရည်၊သကြားရည်နဲ့ သံပုရာရည်တို့ကိုသာ သောက်သုံးကြည့်ခဲ့ရာမှ အမြင်အာရုံပြန်ကောင်းကာ ဝမ်းဗိုက်လည်းမနာကျင်တော့ပဲ ပြန်လည်ကျန်းမာလာပြီး ယောဂကျင့်စဥ်ကိုပင် ကျင့်သုံးလာနိုင်ခဲ့သည်။

အမျိုးသမီးသည် သူမရဲ့ရောဂါဝေဒနာပျောက်ကင်းသွားပေမယ့်လည်း အစာမစားသည့်နည်းလမ်းကိုသာ လိုက်နာနေဆဲဖြစ်ပြီး ၄၁နှစ်ကြာသည်ထိကို ရေကိုပဲမှီဝဲသောက်သုံးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment