Lifestyle


Written by For Ialinks

ယောက်ျားလေးအများစုတို့သည် အဝတ်အစားများကို သိပ်မရွေးပဲ သပ်သပ်ရပ်ရပ် ဝတ်စားထားတာနဲ့တင် လုံလောက်နေတတ်သည်။




Rain (For Ialinks)

Unicode

တူညီသောအဝတ်အစားကိုသာ အမြဲဝတ်ထား၍ သူငယ်ချင်းများက ညစ်ပတ်တယ်ဆိုပြီး ကဲ့ရဲ့လှောင်ပြောင်ကြတာကြောင့် အမှန်တရားကို ထုတ်ပြခဲ့သည့် လူငယ်လေး

ယောကျ်ားလေးအများစုတို့သည် အဝတ်အစားများကို သိပ်မရွေးပဲ သပ်သပ်ရပ်ရပ် ဝတ်စားထားတာနဲ့တင် လုံလောက်နေတတ်သည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ လူငယ်လေးတစ်ဦးသည် သူအရမ်းကြိုက်တဲ့ အဝတ်စားဒီဇိုင်းကို အမြဲလိုလိုဝတ်ဆင်ထားတတ်ပြီး ရိုးမသွားခဲ့ပေမယ့် သူငယ်ချင်းတွေက သူနဲ့တွေ့တိုင်း ထိုအဝတ်စားတွေကိုပဲ ဝတ်လာတာကြောင့် စနောက်စရာတွေဖြစ်နေခဲ့သည်။

သူငယ်ချင်းများသည် ကောင်လေးအား တူညီသောအဝတ်ကိုသာ နေ့တိုင်းဝတ်ထားသည့်အခါ ရေမချိုးပူး အရမ်းညစ်ပတ်တယ်ဆိုပြီး စနောက်လှောင်ပြောင်သည့်အပြင် အချို့က နှာခေါင်းရှုံ့နေတတ်ကြသည်။

ထိုအဖြစ်တွေကြောင့် ကောင်လေးသည် သည်းမခံနိုင်တော့အဆုံး သူ့မှာအဝတ်စားကတစ်စုံတည်းရှိတာမဟုတ်သည့်အပြင် ညစ်ပတ်ပြီးအဝတ်မလဲတာမျိုးလည်းမဟုတ်ကြောင်း ပုံစံတူအဝတ်စားများကို ထုတ်ပြခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment