LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

ခင်ပွန်းဖြစ်သူက သူ့ရဲ့ရည်းစားဟောင်းကောင်မလေးနဲ့ ဖောက်ပြန်နေတာကိုသိရှိသွားသော်လည်း စိတ်မဆိုးပဲ မင်္ဂလာအကြီးအကျယ်ပါဆောင်ပေးခဲ့သော ဇနီးသည်

များသောအားဖြင့် နိုင်ငံအသီးသီးတွင်နေထိုင်ကြသူများအဖို့ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးတတ်ကြပေမယ့် အချို့သောလူမျိုးတွေရဲ့ ဓလေ့ထုံးစံများသည် အမျိုးသားတစ်ယောက်အနေနဲ့ ဇနီးမယားများစွာ ယူနိုင်သည့်စနစ်လည်းရှိသည်။

သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ ဇနီးသည်တစ်ဦးသည် သူမရဲ့ ခင်ပွန်းဖြစ်သူကို သူမကိုယ်တိုင်ပဲ အခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပွဲကို ခမ်းခမ်းနားနားကြီးကျင်းပပေးခဲ့သော အဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် နာမည်ကြီးလျက်ရှိသည်။

ထိုဇနီးသည်ရဲ့ အမျိုးသားသည် တစ်ချိန်တုန်းက သူနဲ့အကြောင်းအမျိုးမျိုးနဲ့ ကွဲခဲ့ရသော ရည်းစားဟောင်းကောင်မလေးကို ပြန်ဆုံတွေ့ချိန် ဇနီးဖြစ်သူမသိအောင် တိတ်တိတ်လေးခိုးတွဲခဲ့ကြပြန်သည်။

သို့ပေမယ့်လည်း ဇနီးဖြစ်သူသည် အမျိုးသားရဲ့လုပ်ရပ်ကို သိရှိသွားသော်လည်း စိတ်ဆိုးခြင်းမရှိပဲ မေတ္တာမပြတ် ခင်ပွန်းဖြစ်သူနဲ့ ရည်းစားဟောင်းကောင်မလေးကို လက်ထပ်ပွဲကျင်းပပေးခဲ့သေးသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment