LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

အိမ်ထောင်သက်တမ်း၂၀ပြည့်သည်ထိ ကလေးမရသော်လည်း ဇနီးဖြစ်သူကို ရိုးမသွားတဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ချစ်ပေးပြီး ဆံပင်ညှပ်ဆိုင်သို့ စိတ်ရှည်စွာနဲ့ လိုက်စောင့်ပေးနေသည့် ခင်ပွန်း

ကလေးငယ်များသည် ဘုရားပေးသော ဆုလာဘ်တစ်ခုဖြစ်သလို မိဘတွေရဲ့ရတနာလေးလည်းဖြစ်ကာ အချို့သောသူများမှာ ကလေးအရမ်းလိုချင်သော်လည်းမရ၍ အိမ်ထောင်ပြိုကွဲသည်ထိ ဖြစ်ရတာတွေရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆံပင်ကေချိန်းဖို့ သွားရောက်ခဲ့သည့် လူလတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးတို့သည် တစ်ယောက်ကိုတစ်ယောက် အလေးနက်ထားချစ်မြတ်နိုးနေဆဲဖြစ်တာကြောင့် ဘေးလူတွေမှ အံ့အားသင့်ကြရသည်။

သူတို့ဇနီးမောင်နှံသည် အိမ်ထောင်သက်တမ်း နှစ်၂၀ပင်ပြည့်ပြီဖြစ်သော်လည်း သားသမီးမရနိုင်ပဲရှိရာ ခင်ပွန်းဖြစ်သူက ငြိုငြင်သွားခြင်းမရှိပဲ မလျော့သော ချစ်ခြင်းမေတ္တာတွေနဲ့ ဆံပင်ညှပ်ဆိုင်ကို လိုက်ပို့ပေးပြီး စိတ်ရှည်စွာ စောင့်ပေးခဲ့သည်။

သူတို့နှစ်ဦးသည် ကလေးမရနိုင်တာကို သိသိချင်း ကြေကွဲဝမ်းနည်းခဲ့ပေမယ့် တစ်ယောက်ကိုတစ်ယောက် ထားမသွားကြပဲ သူတို့အားလပ်ချိန်တိုင်းမှာ မိဘမဲ့ဂေဟာသို့သွားရောက်၍ ကလေးများနဲ့အတူ အချိန်ကုန်လေ့ရှိပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းလျက်ရှိသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment