LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

နေမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပစ်မသွားပဲ စိတ်ရှည်ရှည်နဲ့ ကျွေးမွေးပြုစုပေးနေသော ဇနီးသည်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ

လူတိုင်းက ပင်ပန်းရသည့်အချိန်တွင် အခြားသူတွေကိုမမြင်နိုင်တော့ပဲ ကိုယ်လွတ်ရုန်းပြီး အဆင်ပြေပြေနေချင်ကြသော်လည်း ကိုယ်ချစ်တဲ့သူတွေရဲ့အနားမှာနေရရင် ပင်ပန်းခက်ခဲတာတွေလည်း မမြင်နိုင်တော့ပေ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက အသက်၃၆နှစ်အရွယ် ဇနီးသည်တစ်ဦးသည် နှစ်နဲ့ချီပြီး နေမကောင်းဖြစ်နေသော ခင်ပွန်းအား စိတ်ကုန်သွားခြင်းမရှိပဲ တစ်နေ့ပြန်လည်ကျန်းမာလာဖို့ မျှော်လင့်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည်။

ဇနီးဖြစ်သူသည် ကလေးနှစ်ယောက်ရဲ့ ဝေယျာဝစ္စများကို သူမတစ်ယောက်တည်းကပဲ လုပ်ပေးနေရသည့်အပြင် ငွေရှာရသေးပြီး ခင်ပွန်းဖြစ်သူကိုလည်း ပြုစုပေးနေရခြင်းဖြင့် သူမအတွက် အလွန်ပင်ပန်းခက်ခဲလှသည်။

ခင်ပွန်းဖြစ်သူသည်လည်း ယာဥ်မတော်တဆဖြစ်ပြီး လမ်းမလျှောက်နိုင်တော့၍ ဇနီးသည်အား သူ့ကိုထားသွားကာ ဘဝသစ်ထူထောင်ရန်တိုက်တွန်းခဲ့ပေမယ့် ဇနီးဖြစ်သူကတော့ နေပြန်ကောင်းဖို့သာဆုတောင်းပြီး ငြိုငြင်ခြင်းမရှိပဲ ကျွေးမွေးပြုစုခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment