Lifestyle


Written by For Ialinks





Rain (For Ialinks)

Unicode

နေမကောင်းဖြစ်ပြီး အလုပ်မလုပ်နိုင်တာကြောင့် သားသမီးနှစ်ယောက်ကို မွေးစားမည့်သူအား ရင်နာနာနဲ့ ရှာဖွေနေသည့် မိခင်တစ်ဦး

မိဘတို့သည် သူတို့ဘဝရဲ့နောက်ဆုံးရောက်နေချိန်တွင် ကိုယ့်အတွက်ကို မပူပဲ ကျန်ရစ်ခဲ့မည့် သားသမီးတွေရဲ့အနာဂတ်ကို တွေးပူကာ ကောင်းမွန်တဲ့သူတွေနဲ့ တွေ့ဆုံစေလိုကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိခင်တစ်ဦးသည် ကျန်းမာရေးမကောင်းပဲ ကင်ဆာရောဂါခံစားနေရကာ သူမရဲ့ရောဂါအခြေအနေက မပျောက်ကင်းနိုင်တာကို သိရှိနေသောအခါ သားသမီးနှစ်ယောက်အား ကျွေးမွေးစောင့်ရှောက်မည့်သူမရှိတော့မှာကို စိတ်ပူနေခဲ့သည်။

မိခင်ဖြစ်သူသည် နေမကောင်းဖြစ်၍ အလုပ်မလုပ်နိုင်တဲ့အခါ စားဝတ်နေရေးခက်ခဲလာတာကြောင့် သူမရဲ့ကလေးနှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ပေးမည့် မွေးစားမည့်သူအား လိုက်ရှာနေခဲ့သည်။

မိခင်ဖြစ်သူမှာ သူမရဲ့ကလေးနှစ်ယောက်ကို ရင်နာနာနဲ့ သူများလက်ထဲပေးဖို့အဆင်သင့်ဖြစ်နေရာ ပရဟိတလူငယ်များဆီ အကူအညီတောင်းခဲ့၍ သဘောကောင်းသူ မိန်းကလေးမှ ထိုသားအမိသုံးယောက်ကို ကူညီရန်အိမ်သို့လိုက်သွားခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment