Rain (For Ialinks)
Unicode
အရပ်ပုနေပေမယ့် အရပ်ရှည်တဲ့ဇနီးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အချစ်ရေးမှာ ဆရာကျလွန်းသည့် အမျိုးသား
လူတိုင်းနီးပါးက တစ်အိုးတစ်အိမ်ထူထောင်သည့်အခါ ရေရှည်လက်တွဲသွားဖို့နဲ့ သူတစ်ယောက်တည်း ကိုယ့်တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးသွားစေချင်ကြသည်။
သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ အသက်၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာနဲ့ အားကစားခန်းမတစ်ခုရဲ့ပိုင်ရှင်ဖြစ်ပြီး သူ့ဘဝကသာယာခဲ့ပေမယ့် အရပ်အမောင်းတစ်ခုသာ ချို့ယွင်းချက်ရှိခဲ့သည်။
အမျိုးသားသည် အရပ်ပုနေသော်လည်း သူ့ရဲ့အားကစားရုံမှာ Gymလာဆော့သော အရပ်ရှည်ရှည်အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံပြီး ချစ်ကြိုက်ပြီးနောက် အသက်၁၉နှစ်အရွယ်မှာပဲ နှစ်ယောက်သားလက်ထပ်လိုက်ကြသည်။
သူတို့နှစ်ဦး လက်ထပ်ပြီး သားသမီးနှစ်ယောက်ရှိချိန်တွင် အမျိုးသားသည် သူ့ရဲ့အားကစားရုံမှာ လေ့ကျင့်ခန်းအမြဲလာလုပ်သည့် မိန်းကလေးနဲ့ မိသားစုဝင်တွေလို ရင်းနှီးချင်ခင်ရသော သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး ငါးနှစ်အကြာမှာတော့ ဇနီးသည်ရဲ့ခွင့်ပြုချက်နဲ့အတူ ထိုမိန်းကလေးနဲ့ ထပ်မံလက်ထပ်လိုက်ပြန်သည်။
သူ့ရဲ့ဇနီးဖြစ်သူသည် နောက်မိန်းမကို သဝန်တိုခြင်းလုံးဝမရှိသည့်အပြင် သုံးယောက်သားလည်း စကားများရန်ဖြစ်တာမျိုးမရှိပဲ တည့်တည့်ရှူရှူနဲ့ပဲ သားသမီးလေးယောက်ကို အတူတကွ တစ်အိမ်တည်းနေထိုင်ပြီး ပြုစုပျိုးထောင်ခဲ့ကြသည်။
Rain (For Ialinks)