International News


Written by For Ialinks





Rain (For Ialinks)

Unicode

ရှည်လျားတောက်ပြောင်နေသည့် ဆံပင်မွှေးတွေကြောင့် စူပါမော်ဒယ်ဖြစ်လာပြီး တစ်ကမ္ဘာလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားသည့် ခွေးလေး

ခွေးလေးများသည် ချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ကြရာ ကမ္ဘာအနှံ့အပြားတွင် ခွေးမျိုးစိတ်များစွာလည်းရှိသည်။

ယခုအခါမှာတော့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ အိမ်တစ်အိမ်မှာ မွေးထားသော အသက်၅နှစ်အရွယ် ခွေးလေးတစ်ကောင်သည် ဆံပင်မွှေးရှည်ပြီး အမွှေးများကလည်း ဖြောင့်စင်းကာ တောက်ပြောင်နေ၍ လူအများရဲ့အချစ်ကို ပိုစေခဲ့သည်။

ခွေးလေးသည် တခြားခွေးတွေလိုမဟုတ်ပဲ အင်မတန်မှ ထူးခြားသောအလှတရားရှိ၍ ခွေးအစားအစာ အမှတ်တံဆိပ်၊ခွေးတွေအတွက် ရေမွှေးကြော်ငြာတွေမှာ မော်ဒယ်အဖြစ် ကုမ္ပဏီများစွာဆီကနေ ကမ်းလှမ်းခြင်းခံထားရပြီး သခင်ဖြစ်သူအတွက် ဝင်ငွေရှာပေးခဲ့သည်။

သခင်ဖြစ်သူမှာ ထိုခွေးလေးနဲ့ အပြင်လမ်းလျှောက်ထွက်တိုင်း ဖြတ်သွားဖြတ်လာသူတိုင်းရဲ့ အာရုံစိုက်ခြင်းကိုခံရကာ အချို့က ဓာတ်ပုံတွဲရိုက်ကြပြီး အချို့မှာ ခွေးလေးကို ပွေ့ချီချင်နေကြသည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment