Rain (For Ialinks)
Unicode
ဘဝပေးအခြေအနေမကောင်းခဲ့တာကြောင့် အသက်၁၀၂နှစ်အရွယ်ရောက်မှ မူလတန်းကျောင်းပြန်တက်နေရသော ဖွားဖွား
ပညာသင်ခါမရှက်ရာဆိုသည့်စကားပုံအတိုင်း အချို့သောသူများသည် ငယ်စဥ်က ဆင်းရဲနွမ်းပါးမှုကြောင့် စာမသင်ခဲ့ရပဲရှိရာ အဆင်ပြေလာချိန်တွင် စာပြန်သင်ဖို့ စိတ်အားထက်သန်ကြသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ Shandongပြည်နယ် Jinanမြို့တွင် နေထိုင်သော အသက်၁၀၂နှစ်အရွယ် အဖွားအိုတစ်ဦးသည် သူမရဲ့မြေးတွေအရွယ်ရှိ မူလတန်းကျောင်းတစ်ခုမှာ စာပြန်သင်ယူခဲ့သောအဖြစ်သည် လူအများ လေးစားဖွယ်ရာဖြစ်စေခဲ့သည်။
အဖွားအိုသည် မိသားစုက ဆင်းရဲနွမ်းပါး၍ ကျောင်းနေချင်သော်လည်း မနေခဲ့ရပဲ အသက်၁၃နှစ်အရွယ်လေးနဲ့ စက်ရုံတစ်ခုမှာ အလုပ်ဝင်ခဲ့ရပြီး အသက်၁၈နှစ်မှာ အိမ်ထောင်ကျခဲ့သည်။
အဖွားအိုသည် အိမ်ထောင်ကျပြီး သားသမီး ၉ယောက်ရှိခဲ့ရာ သူတို့လေးတွေကိုပြုစုပျိုးထောင်ပေးရင်းနဲ့ပဲ သားသမီး၇ယောက်မှာ ဘွဲ့ရပညာတတ်ဖြစ်ခဲ့၍ ပတ်ဝန်းကျင်တွင်လည်း အမြဲချီးကျူးခံနေရသည်။
နောက်ဆုံးမှာတော့ အဖွားအိုသည် မိသားစုအတွက် ပူပန်စရာမလိုတော့သည့်အခါ သူမရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်သည့်အနေနဲ့ မူလတန်းကျောင်းပြန်တက်ခဲ့သည်။
Rain (For Ialinks)