LOVE & RELATIONSHIP


Written by For Ialinks





Rain (For Ialinks)

Unicode

ချစ်သူဖြစ်စဥ်က မပေးလိုက်ရသည့် ရွှေလက်စွပ်လေးကို လမ်းခွဲပြီးသော်လည်း သူမရဲ့မင်္ဂလာဆောင်မှာ ဂုဏ်ပြုလက်ဖွဲ့အဖြစ်ပေးခဲ့သော ကောင်လေး

ချစ်သူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီး အချို့သောအကြောင်းပြချက်တွေကြောင့် လမ်းခွဲခဲ့ရသည့်အခါ အတော်များများက မခေါ်နိုင်မပြောနိုင်နဲ့ စိမ်းကားသွားကုန်ပြီး အချို့ကျတော့သံယောဇဉ်မကုန်နိုင်သေး၍ သူငယ်ချင်းလိုဆက်ဆံရေးမျိုးချန်ထားတတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက ကောင်လေးတစ်ဦးသည် သူနဲ့ပြတ်သွားပြီး အခြားတစ်ယောက်နဲ့ မင်္ဂလာဆောင်တော့မည့် ရည်းစားဟောင်း သတို့သမီးလေးကို အကောင်းဆုံးလက်ဖွဲ့လက်ဆောင်ပေးအပ်ခဲ့သည်။

ကောင်လေးသည် ရည်းစားဟောင်းမိန်းကလေးရဲ့ မင်္ဂလာဆောင်သို့သွားရောက်ကာ ရယ်ရယ်မောမောနဲ့ပဲ သတို့သမီးလေးအား နှုတ်ဆက်ပြီး ချစ်သူဘဝတုန်းက မပေးလိုက်ရသည့် ရွှေလက်စွပ်လေးကို သတို့သမီးရဲ့လက်ချောင်းပေါ်ကိုယ်တိုင်စွပ်ပေးခဲ့သည်။

သူတို့နှစ်ဦးသည် တစ်ချိန်ကအရမ်းချစ်ခဲ့ကြသော်လည်း ကံကြမ္မာအရ လမ်းခွဲလိုက်ရပေမယ့် သူငယ်ချင်းတွေလိုဆက်ဆံရေးမျိုးရှိသည့်အတွက် ကောင်လေးကလည်း မင်္ဂလာပွဲမှာ ကြည်ဖြူစွာပဲ သတို့သမီးကို ရွှေလက်စွပ်နဲ့လက်ဖွဲ့ကာ ပျော်ရွှင်စေရန် ဆုတောင်းဂုဏ်ပြုပေးခဲ့သည်။

Rain (For Ialinks)

About the author

For Ialinks

Leave a Comment