1.
2.
3.
4.
5.
Rain (For Ialinks)
Unicode
ဆရာမတွေဝတ်လာသောဝတ်စုံကို ပုံစံတူတဲ့ ပစ္စည်းကိရိယာလေးတွေနဲ့ နှိုင်းယှဥ်ကာ အပျော်သဘော ဓာတ်ပုံတွဲရိုက်ခဲ့သော ကျောင်းသူလေး
ကျောင်းသားတိုင်းသည် တစ်နေကုန် စာသင်ရသည့်အခါ ပျင်းရိနေပြီး သူငယ်ချင်းတွေနဲ့ စကားခိုးပြောတာတွေ စာအုပ်တွေပေါ်ပုံလျှောက်ဆွဲပြီး ရေးခြစ်တာမျိုးတွေ ပြုလုပ်တတ်ကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက ကျောင်းသူလေးတစ်ဦး သည် စာလိုက်မှတ်ဖို့အတွက် ဘောပင်လေးတစ်ချောင်းထုတ်ယူလိုက်စဥ် ဆရာမဖြစ်သူဝတ်ထားသော ဝတ်စုံလေးနဲ့ ပုံစံတူနေတာကြောင့် ဓာတ်ပုံခိုးရိုက်ထားခဲ့သည်။
ကျောင်းသူလေးသည် နောက်ရက်တွေမှာလည်း ဆရာမတွေရဲ့ အဝတ်အစားနဲ့ ပုံစံတူသည့် ပစ္စည်းကိရိယာများကို ယူဆောင်လာပြီး အပျော်သဘောနဲ့ ဓာတ်ပုံရိုက်ကာ လိုင်းပေါ်မျှဝေခဲ့သည်။
ကျောင်းသူလေးရဲ့ ရယ်မောစရာလုပ်ရပ်ကြောင့် လူငယ်အများစုတို့က သဘောကျနေပြီး သူတို့ကျောင်းနေစဥ်ကလည်း ပြုမူခဲ့သော ရယ်စရာအဖြစ်အပျက်များကို မျှဝေခဲ့ကြသည်။
Rain (For Ialinks)