Rain (For Ialinks)
Unicode
အံ့သြဖွယ်ဖွယ်ရာ အီတလီနိုင်ငံက ပင်လယ်ရေအောက်မှာ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ပင်များ
အီတလီနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းဒေသတွင် ရေငုပ်ကျွမ်းကျင်သမားများနှင့် အပျော်တမ်းဥယျာဉ်မှူးတို့သည် ဖန်လုံအိမ်၆လုံးကို ရေအောက်မှာ နေရာချဆောက်လုပ်ခဲ့သည်။
ထိုဖန်လုံအိမ်ထဲတွင် အလင်းရောင်ရရှိရန် မီးလုံးလတွေတပ်ဆင်ထားပြီး အပူချိန်ကများသည့်အတွက် အငွေ့ပြန်ကာ ရေစက်လေးတွေက အပင်ပေါ်သို့ပြန်ကျရင်းနဲ့ မြေဆီလွှာနဲ့ နေရောင်ခြည်စွမ်းအင်ကို လုံလောက်စွာမရရှိသော်လည်း အပင်လေးတွေက ရှင်သန်နေကြသည်။
ပင်လယ်ရေအောက်က ဖန်လုံးအိမ်ထဲမှာ အပင်လေးတွေသည် ပုံမှန်တိုင်းပဲ ရှင်သန်ကြီးထွားနေရာ ရိတ်သိမ်းပြီး စားသုံးကြည့်သည့်အခါမှာတော့ သမားရိုးကျစိုက်ပျိုးထားသော အသီးအရွက်များထက် အာဟာရဓာတ်ပိုကြွယ်ဝကြောင်း သိရှိရသည်။
Rain (For Ialinks)